သွားကျန်းမာရေးမှာ အခြား ဝေဒနာများနှင့် စပ်ဆက်မှု ရှိ

သွားကျန်းမာရေးမှာ အခြား ဝေဒနာများနှင့် စပ်ဆက်မှု ရှိ

သွားကျန်းမာရေးဟာ ကျန်းမာရေး တစ်ခုအနေနဲ့ အလေးထား သင့်သလို လူ့ဘ၀ သက်တမ်း တစ်လျှောက်မှာ အရေးပါတဲ့ နေရာမှာ ပါဝင်တာဖြစ်လို့

သွားကျန်းမာရေးကို ဂရုစိုက် သင့်တယ်လို့ ပညာရပ် ဆိုင်ရာ ဟောပြောပွဲ တစ်ခုမှာ သွားဘက် ဆိုင်ရာ ဆရာဝန် တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒါ့အပြင် သွားကျန်းမာရေးဟာ အခြားရောဂါ တွေဖြစ်တဲ့ နှလုံး၊ ဆီးချိုအစ ရှိတာတွေနဲ့ လည်း စပ်ဆက်မှု ရှိတာနေတာ ဖြစ်ပါတယ်။

 

အခုလို သွားကျန်းမာရေး အတွက် နေ့စဉ် သွားတိုက်နည်း မှန်မှန်နဲ့ တိုက်ပြီးထိန်းသိမ်းနိုင်သလို ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးဟာလည်း သွားတွေ အတွက်ကောင်းမွန်တယ်လို့ သိရပါတယ်။ သွားချေး တက်ခြင်းဖြစ်သူတွေအနေနဲ့လည်း ဆေးလိပ် သောက်ခြင်း၊ ကွမ်းစားခြင်း တို့ကို တတ်နိုင် သလောက် လျှော့သင့်ပြီး သွားချေးတက် ပါကလည်း သွားဘက်ဆိုင် ဆေးခန်း တွေမှာ စနစ်တကျ ပြုပြင် ထိန်းသိမ်းခြင်းတွေ ပြုလုပ် သင့်တယ်လို့ သိရှိရပါတယ်။ သွားကျန်းမာရေး ထိန်းသိမ်းတဲ့ အနေနဲ့ ၆လ တစ်ကြိမ် သွားနဲ့ ပတ်သက်ပြီး စစ်ဆေးကုသမှု ခံယူ သင့်တယ်လို့ သိရပါတယ်။